လှိုင်းဘွဲမြို့နယ်တွင် မဲရုံထားရှိမည့် အခြေခံပညာကျောင်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကင်းစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်ထားရှိမည့် အခြေခံပညာကျောင်းများ၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေးအတွက် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါမီးဘေးအန္တရာယ်ကင်းစေရေး လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသီဟမြင့်ဆွေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံထားရှိမည့် အခြေခံပညာကျောင်းများတွင် လျှပ်စစ်သွယ်တန်းသုံးစွဲမှု အခြေအနေ၊ လျှပ်စစ်ကင်းစင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး စနစ်တစ်ကျ ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။

စောဒိ (ပြန်/ဆက်)