ရွှေသောင်ယံမြို့ အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းအားကစားပြိုင်ပွဲများကျင်းပ

ရွှေသောင်ယံ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုဒီဇင်ဘာလအတွင်း ကျောင်းအားကစားပြိုင်ပွဲများကို ရွှေသောင်ယံမြို့ အ​​​​ခြေခံပညာမူလတန်းကျောင်းများ၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေသောင်ယံမြို့ အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၁၁၂)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအားကစားပြိုင်ပွဲတွင် မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ အာလူးကောက်အားကစားနည်း၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ၊ ပူပေါင်းဖေါက်ပြိုင်ပွဲ စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏနှစ်ဖြာသောစွမ်းရည်များ မြင့်မားစေရန်အတွက် ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။

အဆိုပါအားကစားပြိုင်များတွင် ပထမ၊ ဒုတိယ၊ တတိယစသည်ဖြင့် ဆုအသီးသီးရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနား၌ ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)