ငပုတောမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊နှင့် ပန်းချီ ပြိုင်ပွဲများကျင်းပ

ငပုတော ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါစာစီစာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုရီက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးနှင့်အစဉ် သတိနှင့်ယှဉ်”  မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့ဒို့မမေ့” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၂) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲများကျင်းပနေမှုအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လာရောက်ကြည်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)