မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်တင်ပွဲကျင်းပ

မြောင်းမြ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၀၀) နာရီအချိန်က မြကန်သာ ရပ်ကွက်၊ အ.ထ.က (၃) ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်‌၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိ‌စေရေး၊ မဲ‌ပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသား‌ရေးတာဝန်ထမ်းဆောင်ခြင်း ဖြစ်‌သည့်အတွက် မြောင်းမြခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ အားလုံးစုပေါင်းဝန်းရံ၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခဲ့ပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းခဲ့ကြောင်းသိရသည်။

ထို့နောက် တာဝန်ရှိသူများသည် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် ရည်ရွယ်၍ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွား၊ လမ်းလာ ပြည်သူများအား အခဲ့မဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)