လပွတ္တာမြို့နယ်တွင် မြို့ရွှေတာပဒေသာညဈေး ဖွင့်ပွဲအခမ်းအနားကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက် ဘုရားလမ်းနှင့်လမ်းမတော်လမ်း၌ "မြို့ရွှေတာပဒေသာညဈေး " ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ထိုအခမ်းအနားတွင် လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိဦးနေမျိုးအောင်က ညဈေးဖွင့်လှစ်ရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားခြင်း၊ မြို့ရွှေတာပဒေသာ ညဈေးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ညဈေးအတွင်း‌ ရောင်းချနေသည့် ဈေးဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ညဈေးတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ သစ်သီးနှင့်ပန်းဆိုင်များ၊ ဆိုင်ခန်း(၇၇)ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး နေ့စဉ်ညနေ ၄ နာရီမှ ည ၁၀ နာရီအထိရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)