မင်းကင်း ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ပွားတော်မြတ်မြို့တွင်းသို့ အပူဇော်ခံယူပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရုပ်ပွားတော်မြတ်သည် အလောင်းစည်သူမင်းကြီးဖောင်စင်္ကြာနှင့် နိုင်ငံလှည့်လည်တော်မူစဉ် သီရိဓမ္မာသောကမင်းကြီးအမိန့်အရ လန္တပါလဘိုးတော်မင်းကြီးသည် မိမိဖောင်ဆိုက်ကပ်ရာ၌ ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်တိူ့ကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သော ဖောင်တော်ဦးစေတီတော်ဖြစ်ကြောင်းသိရသည်။
ထိုသို့ အပူဇော်ခံရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်မှ ဓမ္မစင်္ကြာအသင်းများ၊ ကျွန်းတော်ကျေးရွာ၊ သလဘာကျေးရွာနှင့် ကျေးတောင်ဦးကျေးရွာများမှ ဆွမ်းတော်ကြီးအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ စည်ကားသိုက်မြိုက်စွာ ပါဝင်ကုသိုလ်ယူခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)