မင်းကင်းမြို့၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(အောင်ပွဲ) မြို့တွင်းသို့ လှည့်လည်ပွဲကျင်းပ

မင်းကင်း ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့အမှတ်(၂)ရပ်ကွက်၊ ကန်တော်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တတေဇနိယမွေးနေ့ ဝိဇ္ဇာဘမင်္ဂလာနှင့် ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအား လူပုဂ္ဂိုလ်ဆိုင်ရာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲမြို့တွင်းသို့ လှည့်လည်ရွတ်ဖတ်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကိင်းပရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြတ်စွာဘုရားရှင်၏ မဟာပဋ္ဌာန်းကျမ်းစာအုပ်များကို ကိုင်ဆောင်ကြပြီး ဆရာတော်နှင့် လူပုဂ္ဂိုလ်များ၊ ဝတ်အသင်းသူများက မဟာပဋ္ဌာန်းဒေသနာတော်များရွတ်ဖတ်၍ မြို့တွင်းလှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)