မြို့သစ် ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ မဲရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေလင်းကျော်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မဲရုံကျင်းပမည့်နေရာများတွင် လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်မီးသွယ်တန်းထားရှိမှုအခြေအနေ၊ မဲရုံများတွင် မီးသတ်ဆေးဘူးများ ထားရှိမှု ရှိ/မရှိ၊ မဲရုံအနီး အမှိုက်သရိုက်၊ လောင်စာများရှိ/မရှိနှင့် မီးဘေးလုံခြုံရေးပစ္စည်းများ ပြည့်စုံစွာထားရှိနိုင်ရေးတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)