စေတုတ္တရာ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းအပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်မှာစကားပြောကြား၍ မြို့နယ်ပရဟိတသင်တန်းများကိုယ်စား ဆရာကြီး ဦးမိုးတင်မှ ကျေးဇူးတင်စကားပြောကြား၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ယကုသရေးဦးစီးဌာန ဒေါက်တာမျိုးကိုကိုဇင်မှ ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံသဘောတရား၊ လူမှုဂရုဏာလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရှေးဦးပြုစုခြင်း အခြေခံအသိပညာတတ်မြောက်ပြီး ကျန်းမာရေးအသိပညာဖြင့် မိမိပတ်ဝန်းကျင်အား စနစ်တကျ ကူညီစောင့်ရှောက်ပြုစုနိုင်စေရန်နှင့် ရပ်ရွာလူထုနှင့်လူငယ်လူရွယ်များ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရည် ပိုမိုမြင့်မားလာအောင် ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်၍ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)