မင်းဘူး ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခိုင်အောင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ မွန်းလွဲ(၁) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ၎င်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခိုင်အောင်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်နှင့် လူငယ်ရေးရာ အသိပညာပေးအခန်းကဏ္ဍအား ဟောပြောခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုင်သန္တာထွန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း ၃ ဒေါ်အေးသန္တာလွင်တို့က ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ထိန်းသိမ်းရေးတို့ကို ဟောပြောကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်ပိုစတာများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)