မြိတ်-ကျွန်းစု ခရီးသွားလုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးစဉ်ဒေသဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်လျက်ရှိ

မြိတ် ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစု ခရီးသွားလုပ်ငန်းသည် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များမှ ကျွန်းကိုအခြေခံပြီး အဓိကလည်ပတ်ကြသည့် ကျွန်းအပန်းဖြေခရီးစဉ်များဖြစ်ပေရာ  မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးဒေသတစ်ခုဖြစ်လာစေရန် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တနင်္သာရီတိုင်းရဲ့ ခရီးသွားလုပ်ငန်းကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ခရီး စဉ်ဒေသကြီး()ခုရှိတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီးရယ်ဆိုပြီး ခရီးစဉ်ဒေသကြီး()ခုရှိတယ်။ ကျွန်တော်တို့ဒေသက အလားအလာရှိသော ခရီးစဉ်ဒေသက မြိတ်ကျွန်းစုပါ။ နိုင်ငံတကာ ခရီးသွားတွေမှာလည်း ကြေညာပြီး ဖြစ်ပါတယ်။ မြိတ်-ကျွန်းစုခရီးသွားလုပ်ငန်းကို ဘယ်နိုင်ငံသွားသွား အသေးစိတ်ရှင်းပြတယ်။ ကျွန်းတွေရဲ့လှပမှုနဲ့ ရေအောက်သန္တာကျောက်တန်းတွေကို အဓိကထားပြီး ပြသတယ်။ တော်တော်လေးသဘောကျကြတယ်။ ကြိုက်ကြတယ်။ အထူးသဖြင့် ရေအောက် သန္တာကျောက်တန်းတွေက အရှေ့တောင်အာရှမှာ ရှားရှားပါးပါး ရှိလာတဲ့အခြေ အနေမျိုးရှိလာတဲ့အတွက် ဒီဟာတွေကို ထိန်းသိမ်းပြီးသွားဖို့လည်းလိုပါတယ်ဟု တနင်္သာရီ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေး က ပြောသည်။

မြိတ်-ကျွန်းစုရှိ ကျွန်းများသည် ပင်လယ်ကမ်းခြေများ၏လှပမှု၊ ရေပေါ်ရေအောက် သယံဇာတများ၏ လှပမှုများကြောင့်  မြိတ်-ကျွန်းစုသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ လည်ပတ်မှုများသည့် ကျွန်းများတွင် အခြေခံအဆောက်အဦများ ဆောင်ရွက်လျက်ရှိပြီး ဒုံးညောင်မှိုင်းကျေးရွာတွင် ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းသည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီ ဖွင့်လှစ်သွားတော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးပြီး ခရီးသွားလုပ်ငန်း()ခုအပြင် အနာဂတ်မှာ ငါးခုမြောက် ခရီးသွား လုပ်ငန်းအဖြစ် မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းဖြစ်လာစေရန် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဒုံးညောင်မှိုင်း ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းလည်း လုံးဝအောင်မြင်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ လက်ရှိမြိတ်ခရိုင်မှာ မည်သည့်ကျွန်း မည်သည့်နေရာမှ ကျွန်းပေါ်မှာ ဧည့်သည် အိပ်ခွင့်မရှိပါဘူး။ ဒါပေမယ့် ဒီမှာ ဧည့်သည်စပြီးတော့ အိပ်လို့ရတဲ့ အခြေအနေဖြစ်သွားတဲ့အတွက် ပင်လယ်တွေကို အရမ်းလည်ချင်တယ်။ သုတေသနလုပ်ချင်တယ်။ ရေအောက်သန္တာကျောက်တန်းတွေကို သေချာလေ့လာချင်တယ်။

မြိတ်ကနေ နေ့စဉ်ကူးတာတွေ မလုပ်တော့ပဲ ဒီကနေ အိပ်မယ်။ ဒီကနေ ပင်လယ်ထွက်ပြီးတော့ ဆောင် ရွက်တာမျိုးနဲ့ ပင်လယ်ပြင် သုတေသန လုပ်ချင်ကိစ္စ နဲ့ အခြားကိစ္စတွေကို Transit တစ်ခုအနေနဲ့လည်း တောက် လျှောက်သုံးလို့ရနိုင်ပြီဖြစ်တဲ့အတွက် အောင်မြင်လာတဲ့ ခရီးစဉ်တစ်ခုအနေနဲ့ ယုံကြည်သလို၊ ဒီဟာကို လာလည် မယ်ဆိုလို့ရှိရင်လည်း ဒီဒေသမှာ မတူညီတဲ့ လူမျိုးတွေရဲ့ သဘာဝတွေ ဓလေ့စရိုက်တွေနဲ့  ကျေးရွာ ရပ်ရွာလူထု အခြေပြုကနေ ပေးအပ်မယ့်ဝန်ဆောင် မှုတွေကိုလည်း လာရောက် လေ့လာနိုင်ဖို့အတွက် ဒီနေရာကနေ အားလုံးကို ဖိတ်ကြားလိုက်ချင်ပါတယ် တနင်္သာရီတိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး  က ထပ်ဆင့် ပြောဆိုသည်။

မြိတ်-ကျွန်းစုရှိ ကျွန်းများတွင် အပန်းဖြေခရီး လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ ပိုမို အဆင်ပြေစေရေးအတွက် ခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစားလျက်ရှိသည့် စမတ်ကျွန်းတွင် ရေပေါ်တံတားနှင့် စမတ်ကျွန်းအပါအဝင် ကျွန်း()ကျွန်း၌ အခြေခံအဆောက်အဦများ ဆောင်ရွက် ထားရှိကြောင်း၊  ထို့အတူ ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ( Community Based Tourism- CBT)ကို  ဒုံးကျွန်းပေါ်ရှိ ဒုံးညောင်းမှိုင်းကျေးရွာ၌ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ဇန်နဝါရီလ လဆန်းပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဓိက ဒီမှာအားနည်းချက်က ရဲကင်းတွေမရှိဘူး၊ ဖုန်း Network တွေရဖို့ လိုအပ်တယ်။ လမ်းပန်း ဆက် သွယ်ရေးက Speed Boat တွေပဲ အားကိုးပြီးလာရပါတယ်။ Speed Boat နဲ့ လာရတော့ ကုန်ကျစရိတ် နည်းနည်း များတယ်။ အဲဒီနေရာမှာ အမြန်ရေယာဉ်နဲ့ ခရီးစဉ်ဆွဲပေးနိုင်မယ်ဆိုရင် လူတွေ သက်တောင့်သက်သာနဲ့ ဈေးနှုန်း သက်သက်သာသာနဲ့ CBT ကိုလာလို့ရမယ်။ ပြီးတော့ ကျေးရွာခံတွေ အနေနဲ့လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းလာမှာပါ။ အမြန်ယာဉ်ရှိတယ်ဆိုရင် ရွာရဲ့  လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အားလုံး အဖက်ဖက်က အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဉက္ကဌ ဒေါက်တာသိန်းဆွေမြင့် က ပြောသည်။

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဒုံးညောင်းမှိုင်းကျေးရွာတွင် ခရီးသွား ဧည့်သည် များအနေဖြင့် ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနှင့် လူမှုဘဝ နေထိုင် မှုပုံစံများကို လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ၄င်းအပြင် ကျွန်းပေါ်၌ စက်ဘီးစီးခြင်း၊ တောတွင်းလမ်းလျှောက်ခြင်း၊ ဒေသခံများနဲ့အတူ ငှက်ကြည့်ခြင်းခရီးစဉ်၊ ကရွတ်လှေများလှော်ခတ်ပြီး ဒီရေတောများ လေ့လာခြင်း၊ အပျော်တမ်း ငါးမျှားခြင်း၊ ရေကူးခြင်း၊ စသည့်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး   ဒုံးညောင်မှိုင်းကို အခြေပြု၍ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ အကြားမှာ ရေပန်းစားနေတဲ့ စမတ်ကွျန်းအပြင် နှစ်ဖက်လှကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဘေလီကျွန်း၊ ဓနသိဒ္ဓိကျွန်းစသည့် အနီးအနားမှ ကျွန်းများကို   ဒုံးညောင်းမှိုင်းကျေးရွာ မှ ဒေသခံများ၏ မော်တော် ဘုတ်များဖြင့်သော်လည်းကောင်း၊ Speed Boat များဖြင့်သော် လည်းကောင်း သွားရောက် လည်ပတ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

ဒုံးညောင်မှိုင်းကျေးရွာရဲ့ မျှော်လင့်ချက်ကတော့ CBT ဖြစ်မြောက်သွားမယ်ဆိုလို့ရှိရင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ အခြားကဏ္ဍတွေလည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ CBT ရဲ့ခရီးသွားလုပ်ငန်း စလာပြီဆိုရင် တစ်ရွာလုံးလည်းပဲ အကျိုးခံစားခွင့်ရှိမယ်။ စီးပွားရေးလုပ်ငန်း အခွင့်အလမ်းလည်း ကောင်းလာမယ်။ ဘာဖြစ်လို့ဆိုတော့ ကျေးရွာသူ ကျေးရွာသားတွေလည်းပဲ မျှော်လင့်ထားတာ အများကြီးရှိတယ်။ ခရီးသွားတွေလာမယ်ဆိုလို့ရှိရင် သူတို့သွားချင်တဲ့နေရာ၊ သူတို့လေ့လာချင်တဲ့ နေရာကို အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးပါ့မယ်ဟု ဒုံးညောင်မှိုင်းကျေးရွာ  CBT ကော်မတီ ဘဏ္ဍာရေးမှူး ဦးဖိုးဇော် က ပြောသည်။

မြိတ်-ကျွန်းစု ခရီးသွားလုပ်ငန်းသည် ၂၀၁၅ခုနှစ် နှစ်ဆန်းပိုင်း၌ စတင်ဆောင်ရွက်ခဲ့ကြောင်း၊  ၂၀၁၆ခုနှစ် တွင် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် လာရောက်မှုများပြားလာကာ ဒေသခံလုပ်ငန်းရှင်များ၏ ခရီးသွားလုပ် ငန်းနယ်ပယ်တွင် ရင်းနှီးမြုပ်နှံမှု စိတ်ဝင်စားလာကြသည့်အတွက် ဒေသအတွင်း ဟိုတယ် တည်းခိုရိပ်သာများ တိုးပွားလာခဲ့ပြီး လက်ရှိအချိန်၌ မြိတ်ခရိုင်တွင် ခရီးသွားကုမ္ပဏီ(၃၆)ခုရှိပြီး ခရီးသွား လုပ်ငန်းများ ပြေးဆွဲလျက် ရှိသော Speed Boat (၄၀)ကျော်ရှိ၍ ခရီးသွားဧည့်သည်များ ကျွန်းအပန်းဖြေ ခရီးလာရောက်လည် ပတ်ရာတွင် တည်းခိုနားနေနိုင်သည့်  ဟိုတယ်နှင့် ခရီးသွားလိုင်စင်ရ ဟိုတယ်/ တည်းခိုရိပ်သာ (၁၈)လုံးရှိကြောင်း  သိရသည်။

တနင်္သာရီတိုင်းက တခြားတိုင်းနဲ့မတူတာ အဏ္ဏဝါခရီးသွားလုပ်ငန်း၊ ပင်လယ်ပြင်ကို အခြေပြုတဲ့ ခရီး သွားလုပ်ငန်းကို အဓိကဆောင်ရွက်နေတာပါ။ တကယ့်တကယ်ကျတော့ ကမ္ဘာလုံးဆိုင်ရာ ခရီးသွား လုပ်ငန်းကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာမှာ အဏ္ဏဝါခရီးသွားလုပ်ငန်းကို ဆောင်ရွက်နေတာ (၆၀)ရာခိုင်နှုန်းကျော် ရှိပါတယ်။ မြန်မာနိုင်ငံမှာ တနင်္သာရီတိုင်းမှာသာ ဆောင်ရွက်နေတာပါ။ တနင်္သာရီတိုင်းရဲ့ အဏ္ဏဝါခရီးသွားလုပ်ငန်း အောင်မြင် လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ နယ်ပယ်တွေ အကုန်လုံး အကျိုးအမြတ်ရှိတဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်း အောင်မြင်လာတာနဲ့အမျှ လူတန်းစားအလွှာအသီးသီး အကုန်လုံး အကျိုးအမြတ် ရရှိမှာဖြစ်ပါတယ်ဟု  တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ဖြည့်စွက် ပြောကြားသည်။ 

အဏ္ဏဝါခရီးသွားလုပ်ငန်း အောင်မြင်ရန် ဖော်ဆောင်ရမည့်အချက်အလက်များရှိသလို အဏ္ဏဝါခရီးသွား လုပ်ငန်းနှင့် ဆက်နွယ်လျက်ရှိသည့် ကျွန်းများရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ အားလုံးအတွက်ခရီးသွားလုပ်ငန်းဆိုသည့်အတိုင်း ခရီးသွားကဏ္ဍအသီးသီးတွင် ပါဝင်သည့်သူများအပြင် ခရီးသွားကဏ္ဍနှင့်ဆက်နွယ်နေသည့် ကျေးရွာများပါ ခရီးသွားလုပ်ငန်းနှင့်ဝင်ငွေများ ရရှိလာမည်ဖြစ်၍ ခရီးသွားလုပ်ငန်းဆိုင်ရာ ဗဟုသုတများ၊ အတွေးအမြင်များ ရလာမည်ဖြစ်ကာ ဆောင်ရွက်သင့်သည်များကို ကျေးရွာလူထုများသိမြင်လာပြီး ခရီးသွားလုပ်ငန်းကို အောင်မြင်အောင် အဝန်းအဝိုင်းတစ်ခုကို တည်ဆောက်လာနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ညောင်မှိုင်းကမ်းခြေက (၂၄)နာရီဝင်ထွက်လို့ရတယ်။ ဒါပေမယ့် ခရီးသွားတွေများလာရင် အမြန်ယာဉ်ကြီး တွေလာရင် ကမ်းခြေကို အလွယ်တကူ ဆိုက်ကပ်လို့မနိုင်ဘူး။  ဒါတော့ ဆိပ်ခံတံတား လိုအပ်တယ်။ Speed Boat တွေဆိုရင်(၂၄)နာရီ ဝင်ထွက်နိုင်တယ်။ ဒါပေမယ့် ခရီးသွားတွေ များလာရင် အမြန်ယာဉ်ကြီးနဲ့ ဆွဲရမယ်ဆိုတော့ လည်းပဲ အခက်အခဲတော့ရှိပါတယ်။ ခရီးသွားမှ အမြန်ယာဉ်ဆင်းပြီး ကူးတို့လှေတစ်ခါ ပြန်ကူးပြီးမှ ဝင်တာ အခက်အခဲတော့ရှိပါတယ်။ နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ရင် ပိုအဆင်ပြေပါတယ်ဟု ဒုံးညောင်မှိုင်းကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးဆန်းဦးက ပြောသည်။

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းကို ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း၌ လုပ်ကိုင်နေကြတဲ့သူတွေ၏ စည်းလုံး ညီညွှတ်မှုနဲ့ ဒေသတွင်း မီဒီယာတွေ၏ ကူညီပံ့ပိုးမှုများကြောင့် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းသည် တက်ရိပ်ပြခဲ့ပြီး ၂၀၁၈-၂၀၁၉ခုနှစ် ပွင့်လင်းရာသီကာလတွင်  ပြည်တွင်းဧည့်သည် လာရောက်မှု အများဆုံးဖြစ်ခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပွင့်လင်းရာသီ ကာလတွင် ယခင်နှစ်ထက် စံချိန်ချိုးပြီး ဧည့်သည်လာရောက်မှု ပိုမိုများပြားလာမယ်လို့ မျှော်မှန်းထားခဲ့ရာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ပျံ့နှံ့လာတဲ့ အတွက် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းများကို (၂၀၂၀ ) ပြည့်နှစ် မတ်လ(၂၈)ရက်မှာ ရပ်နားခဲ့ရကြောင်း သိရသည်။  

“(CBT)ဖြစ်လာတဲ့ အချိန်ကျတော့ ရပ်ရွာလူထုအခြေပြုဆိုတော့ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လင်းလာလိမ့်မယ်။ အရင်တုန်းကဆိုရင် ဧည့်သည်တွေ ကျွန်းမှာညအိပ်ချင်ကြတယ်။ မြိတ်မှာပြေးဆွဲနေတဲ့ ကျွန်းခရီးစဉ်အကုန်လုံးဟာ နေ့ချင်းပြန်ခရီးစဉ်ပဲဆွဲတယ်။ မနက်သွား ညနေပြန်ပါတယ်။ ဧည့်သည် တော်တော် များများက ကျွန်းပေါ်ညအိပ်ချင်တယ်။ ကျန်တဲ့ကျွန်းတွေကို လိုက်လည်ချင်တယ်။ (CBT)ဖြစ်လာပြီဆိုတော့ ညအိပ်တဲ့အခွင့်အရေး ပိုလာပါတယ်။ ခရီးသွားလုပ်ငန်း ကလည်း အလုပ်အကိုင်အခွင့်အလမ်းပိုလာသလို ဒေသခံ တွေကလည်း အလုပ်အကိုင် အခွင့်အလမ်း ပိုလာပါတယ်ဟု Mergui Dolphin ခရီးသွားလုပ်ငန်းမှ ဦးမြင့်သန်း က ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း  Community Based Tourism- CBT သည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ (၂၀၂၁)ခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းတွင် ဖွင့်လှစ်  တော့မည်ဖြစ်ရာ  ခရီးသွားဧည့်သည်များ ကျွန်းအပန်းဖြေခရီးစဉ်တွင် ညအိပ်ရပ်နားနိုင်တော့မည် ဖြစ်သည့် အတွက် ယခင်ကထက် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြမည်ဟု  ခရီးသွား လုပ်ငန်းရှင်များက မျှော်လင့်နေကြသလို မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးပြီး ခရီးသွားစဉ်ဒေသ()ခုအပြင် အနာဂတ်မှာ ငါးခုမြောက် ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေရန် ကြိုးစား ဆောင်ရွက် လျက်ရှိပေသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)