ကြံခင်းမြို့ ရွာသစ်ရပ်ကွက်တွင် ဈေးဆိုင်ခန်း မီးလောင်မှုဖြစ်ပွား

ကြံခင်း ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ကြံခင်းမြို့တွင်  ယမန့်နေ့ည ၁၂ နာရီ ၅ မိနစ်အချိန်က ရွာသစ်ရပ်ကွက် ဘုရားကြီးလမ်းရှိ ဈေးဆိုင်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသဖြင့် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင် အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်(၂၆)ဦးမှ ရေသယ်ယာဉ်()စီး မီးငြှိမ်းသတ်ယာဉ်()စီးဖြင့် မီးသတ်စက်ယာဉ်()စီး တို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ပေါ့ဆမှုကြောင့်ဖြစ်ပြီး ဈေးဆိုင်အလုပ်သမား ဦးသက်ဝင်းခိုင် (၄၃)နှစ် () ဦးလှိုင်ဝင်းမှ အကာထရံအနီး ခြင်ဆေးခွေထွန်းရာမှ အကာထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း()ခန်း၊ တရုတ်ဆိုင်ကယ်()စီးနှင့် ဆိုင်ကယ်ပြင်ရာတွင် အသုံးပြုသည့် computer box(2) လုံးမီးလောင်ခံရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၆၀၅၀၀၀ ခန့်ရှိကြောင်း လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ် နှင့်ပတ်သက်၍ ကြံခင်းမြို့နယ် ရဲစခန်းမှ ဦးသက်ဝင်းခိုင် (၄၃)နှစ် () ဦးလှိုင်ဝင်းအား  အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)