ဖောင်းပြင် ဒီဇင်ဘာ ၄
ဖောင်းပြင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ် (၁) နာရီက ဖောင်းပြင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များအား စမ်းသပ်စစ်ဆေးရာတွင် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ စက်ပိုင်းဆိုင်စက်ချို့ယွင်းမှု ရှိ/မရှိတို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ၊ မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့၀င်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များက ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြသည်။
ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များအား စစ်ဆေးရာသို့ ဖောင်းပြင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များ၊ မြို့နယ်အီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့၀င်များ၊ မြို့နယ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့၀င်များက စမ်းသပ်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)