နတ်မောက် ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထန်းပင်ချိုင်း ( အ.လ.က ခွဲ ) ကျောင်းတွင် ကိုယ်ထူ ကိုယ်ထ တိုးချဲ့ဆောင် ထပ်မံဆောက်လုပ်နေမှုအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်ထူကိုယ်ထကျောင်းဆောင်ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ “ကျွန်တော့်တို့ရွာအနေနဲ့ အခုလို ကိုယ်ထူကိုယ်ထ တိုးချဲ့ဆောင်ထပ်မံဆောက်လုပ်ရတာကတော့ ယခင်ကျောင်းဆောင်တွေဟာ အ.မ.က အထိဆိုရင်အဆင်ပြေခဲ့ပါတယ်၊ ယခုကျောင်းအဆင့်တိုးမြှင့်ပြီး အ.လ.က(ခွဲ)ဖြစ်လာတဲ့အတွက် ကလေးများ စာသင်ရာတွင် အခက်အခဲမရှိစေရန် ရည်ရွယ်၍ ကျောင်းအကျိုးဆောင်ကော်အတီအနေနဲ့ ရပ်ဝေးရောက် ကျေးရွာသူ/သားများ၊ ကျောင်းသားမိဘများနှင့် တိုင်ပင် ဆောက်လုပ်ရခြင်းဖြစ်ပါတယ်”ဟု ကော်မတီဝင် ဦးအောင်မင်းက ပြောကြားခဲ့သည်။
အဆိုပါ ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ်သည် အလျား (၆၀ပေ ´ ၃၀ပေ )ဖြစ်၍ တိုင်ထောင် သွပ်မိုးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ကျန်ရှိလုပ်ငန်းများဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုဘတ်ဂျတ် ငွေစာရင်းခေါင်းစဉ် (၀၄၀၂ )အောက်မှ ပြင်ဆင်ထိန်းသိမ်းစရိတ် ကျပ်သိန်း (၁၅၀)ခွဲဝေချထားပေးမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူနေဆဲ ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မူမူစန်း ( နတ်မောက် )