အုတ်တွင်းမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

အုတ်တွင်း ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဂွေးတောက်ခင်ကျေးရွာ၊ ရှမ်းစုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများက ဆောင်းဆီထွက်သီးနှံမြေပဲ စိုက်ပျိုးထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် အဖွဲ့သည် ဂွေးတောက်ခင်ကျေးရွာ၊ ရှမ်းစုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား(၃၂) ဦး၊ စိုက်ဧက(၁၆၀)ဧက ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရှိမှုအခြေအနေ၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်သွားရန်နှင့် လာမည့်နွေစပါးစိုက်ရာသီတွင် အထွက်နှုန်းကောင်းသည့် ရေဆင်းပေါ်ဆန်း ()နှင့် ရေဆင်းပေါ်ဆန်း()တို့အား ပြောင်းလဲစိုက်ပျိုးရေး နည်းလမ်းကောင်းများအား ဆောင်ရွက်စေရေး တောင်သူများနှင့်တွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ပါကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)