ဖြူး ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ထူးချွန်ထက်မြက်သော လူရည်ချွန် ကျောင်းသား/သူများပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက် အားထားရမည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်ခြင်းစာမေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူရည်ချွန်ရွေးချယ်ရေးစိစစ်စာမေးပွဲတွင် ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ Grade-9၊ Grade-10၊ Grade-11နှင့် Grade-12 ကျောင်းသား (၁၇)ဦး၊ ကျောင်းသူ (၁၉)ဦး၊ စုစုပေါင်း (၃၆)ဦးအား (၃-၁၂-၂၀၂၅)ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်သာသာ၊ (၄-၁၂-၂၀၅) ရက်နေ့တွင် အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေဘာသာ (၅-၁၁-၂၀၂၅)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်း ဘာသာရပ်များကို ရွေးချယ်စိစစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)