မင်းလှ ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အခြေခံပညာဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများကို ယနေ့နံနက် ၉ နာရီကစတင်၍ အခြေခံပညာအထက်တန်းကျောင်း(မြို့ပြင်)တွင် ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်စာမေးပွဲကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ချို ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများက ဝင်ရောက် ဖြေဆိုလျက်ရှိရာ (Grade- 9)တွင် (၁၃)ဦး၊(Grade-10) တွင် (၁၃) ဦး၊ (Grade-11)တွင် (၁၃)ဦးနှင့် (Grade -12) တွင် (၁၂)ဦး စုစုပေါင်း (၄၉)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ ဒီဇင်ဘာလ(၃)ရက်နေ့မှ (၅) ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းများကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်စ(မင်းလှ)