မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များ ပေးအပ်

မိုးညို ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၅ -၂၀၂၆ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် မြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌  ပြုလုပ်ခဲ့သည်။

ထိုသို့ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များပေးအပ်ခြင်းကို မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်လှနှင့် ဝန်ထမ်းများ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ တာဝန်ခံ ဒေါ်မိုးသီတာတို့က  မြို့နယ်အတွင်းရှိ ဂရန်အင်း (၇၅ )အင်းအတွက် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၅၀၀၀၀၀)၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၄၃၅၈၄၄)၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ(၉၃၅၈၄၄)တို့အား အင်းလုပ်ကိုင်သူများအား အချိုးကျလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများကို ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် နှစ်စဥ် စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်‌ပေးခြင်းဖြစ်‌ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နှစ်စဥ်ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)