သဲကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း ဆောင်းသီးနှံစုံ (၈၉၉၄၄) ဧကစိုက်ပျိုးမည်

သဲကုန်း ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဥ်ခြံမြေများ၊ မြေလွတ်မြေရိုင်းများတွင် စားပင်သီးပင်များ၊ မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များကို အဓိထား စိုက်ပျိုးရောင်းချလျက်ရှိရာ ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း ဆောင်သီးနှံစုံ(၈၉၉၄၄) ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ မြေပဲ ၄၆၆၆ ဧက၊ နှမ်း ၂၃၃၉ ဧက၊ ပဲမျိုးစုံ ၅၆၄၁၈ ဧက၊ ဖူးစားပြောင်း ၉၀၃၃ ဧက၊ ချက်ကြံ ၄၀၃၂ ဧက၊ ကြက်သွန်နီ ၁၅၀၀ ဧက၊ ငရုတ်စို ၂၀၇ဧကနှင့် ဟင်းသီးဟင်းရွက် ၁၁၇၄၉ ဧက၊ စုစုပေါင်း ၈၉၉၄၄ ဧက လျာထားစိုက်ပျိုးမည်ဖြစ်သည်။

သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေခြင်း၊ ကွင်းသရုပ်ပြပွဲများ ပြုလုပ်ခြင်း၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ လိုက်နာကျင့်သုံးစေခြင်း၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေခြင်း၊ ပိုးမွှားကျရောက်မှုကာကွယ်နှိမ်နင်းနည်း စသည့်စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်း၍ အသိပညာပေးဟောပြာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကျော် (သဲကုန်း)