စေတုတ္တရာ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၉)နာရီအချိန်က စေတုတ္တရာမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြာပြီး၊ လူကုန်ကူးမှု၏ အဓိပ္ပါယ်၊ လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှုဖြစ်ပွားစေတတ်သော အဓိကအကြောင်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှု၏ လုပ်ငန်းစဉ်(၃)ရပ်၊ လူကုန်ကူးမှုကျူးလွန်သူများအား ချမှတ်သည့် ပြစ်မှု၊ပြစ်ဒဏ်များ၊ လူကုန်ကူးသူများအသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှုမခံရစေရေး သတိပြုလိုက်နာရမည့် အချက်များအား ကျောင်းသားလူငယ်များ သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ဆန်းကိုကို(ပြန်/ဆက်)