ကျုံပျော် ဒီဇင်ဘာ ၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ တာဝန်ရှိသူများက ဒုတိယအကြိမ်မဲစာရင်းကို အခြေခံ၍ ကွင်းဆင်းစစ်ဆေးကာ တိုင်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက တိုက်နယ်(၅)ခုသို့ အဖွဲ့များခွဲကာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒုတိယအကြိမ်မဲစာရင်းကို အခြေခံ၍ မဲဆန္ဒရှင်များ၏ အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင်ကျန်နေသူများ မရှိစေရေး တိုက်ဆိုင်စစ်ဆေးမှုအခြေအနေအား လိုက်လံကြည့်ရှု့စစ်ဆေးလျှက်ရှိကြသည်။
ယင်းနောက် (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် ကွဲလွဲချက်များတွေ့ရှိပါက လည်းကောင်း၊ မဲစာရင်းတွင် မပါရှိပါကလည်းကောင်း သတ်မှတ်ပုံစံများဖြင့် တစ်ပါတည်း လျှောက်ထားနိုင်ရေး ဆောင်ရွက်သွားရန်၊ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသူများရှိပါက စာရင်းပြုစု၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)