အင်္ဂပူမြို့တွင် ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာ‌ရောက် ကွင်းဆင်းစစ်ဆေး

အင်္ဂပူ ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက်က ကပ်ထားကြေညာခဲ့ပြီး အဆိုပါစာရင်းကိုအခြေခံ၍ စာရင်းကျန်ရှိနေသူများအား ထပ်မံဖြည့်စွက်နိုင်ရန်နှင့် မဲစာရင်းတွင်မပါဝင်သင့်သူများအား ပယ်ဖျက်ခြင်းတို့ကို ပြည့်စုံမှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပါဝင်သော အဖွဲ့များဖွဲ့စည်း၍ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)