မြန်အောင် ဒီဇင်ဘာ ၂
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြန်အောင်မြို့ ပြည်သူ့ရင်ပြင်၊ မြို့မနေခြည်ဈေး၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်