ညောင်လေးပင် ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က တောရကြီးပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းအတွင်း၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့် ၀န်ထမ်းများက ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်နှင့် သံဃာတော်များအား တိုင်းရင်းဆေးများဖြင့် သက်ဆိုင်ရာရောဂါများအလိုက် နှိပ်နှယ်ပေးခြင်း၊ ဆေးစည်းပေးခြင်း၊ သောက်ဆေး၊ စားဆေးများပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ထားသောနေ့များအလိုက် ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)