မြိတ် ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပညာပေးဝေငှပေးသည်။
“ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဆောင်ပုဒ်ဖြင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ အချက်(၄)ချက်ပါဝင်သည်။
အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သည့် ဆိပ်ငယ်ဈေး၊ ပြည်တော်သာရေဆင်း တံတားနှင့်ကမ်းနားလမ်းတို့တွင် ပြည်သူများအား ဝေငှပေးသည်။ ထို့အတူ မြိတ်တက္ကသိုလ်နှင့် Polytechnic University (မြိတ်) ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဝေငှပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)