မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ကျား/ မ အခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက တပ်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချာင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ(ကိုယ်စား) ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်သိန်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို တားဆီးဖို့ဖြစ်ကြောင်း၊ ၁၆ ရက်တာ လှုပ်ရှားမှုဟုပြောလိုက်ခြင်းအားဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုများပပျောက်ရေး၊ နိုင်ငံတိုင်းက ထိုနေ့ရက်များမှာ ဓါတ်ပုံပြပွဲများ၊ ပြည်သူလူထုများအား အသိပညာပေးပွဲများ၊ ဟောပြောပွဲများ၊ သရုပ်ပြပွဲများ စသောလူပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်လေ့ရှိကြကြောင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုအေးက အမျိုးသမီးအကြမ်းမှုပပျောက်ရေးကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဟောပြောပွဲများ၊ သရုပ်ပြပွဲများကျင်းပလေ့ရှိကြောင်း၊ လှုပ်ရှားမှုများကတစ်ဆင့် လူတိုင်းလူတိုင်း အကြမ်းဖက်မှုကိုသတိပြုမိလာပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို တားဆီးဖို့တက်ကြွစွာ ပါဝင်လာနိုင်မှာဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် နိုင်ငံသားတိုင်းမှာတာဝန်ရှိပြီး အကြမ်းဖက်မှုတွေကိုတားဆီးဖို့ အချိန်နှင့်လိုအပ်ချက်များ ဖြည့်ဆည်းရင်းနှီးမြုပ်နှံကြပါစေကြောင်း ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသို့တက်ရောက်လာကြသော အမျိုးသမီးများအား ဉာဏ်စမ်းမေးခွန်းများ ဖြေကြားစေခဲ့ပြီး အမှတ်တရလက်ဆောင်များနှင့် ကျား၊ မအခြေပြုအကြမ်းဖက်မှုလက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် သင်တန်းသားများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)