ဓနုဖြူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံနေကြာ သီးသန့်စံပြကွက်စိုက်ပျိုးပွဲကျင်းပ​

ဓနုဖြူ ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံနေကြာ သီးသန့်စံပြကွက်စိုက်ပျိုးပွဲကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အုန်းပင်ကွင်းကျေးရွာနှင့် သပြုကျေးရွာတို့၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်​မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီအဖွဲ့ဝင်များက အုန်းပင်ကွင်းကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၂၀၁)၊ ဦးပိုင်အမှတ်(၁၃)၊ ကဥ္စနကျွန်းသာကုမ္ပဏီလီမိတက်၏ လယ်မြေ၌ နေကြာအော်စီမျိုး (၂)ဧကအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ထို့နောက် သပြုကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၁၇၁)၊ ဦးပိုင်အမှတ်(၈၂/၃)၊ တောင်သူဦးလှကို၏ လယ်မြေ၌ နေကြာ(ရေဆင်းစံမျိုး ၁) (၀.၇၀)ဧကအား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)