ဓနုဖြူမြို့နယ်၌ ပန်းခင်း (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော ဥပဒေအရ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပေးအပ်ခြင်းအခမ်းအနားကျင်းပ

ဓနုဖြူ ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုဝင်ဘာလအတွင်း ပန်းခင်း (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော ဥပဒေအရ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ ဘန်ဂါလီစွန်နီဂျာဗလီခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများအား စုစုပေါင်း (၄၀) ဦးအားပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)