မအူပင်မြို့၌ ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး Door to Door မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်         

မအူပင် ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရန် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်း ကြီးကြပ်၍ ဌာနဆိုင်ရာအကြီးအကဲများမှ Door to Door မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

မအူပင်မြို့တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက်က ကပ်ထားကြေညာခဲ့ပြီး အဆိုပါစာရင်းကိုအခြေခံ၍ စာရင်းကျန်ရှိနေသူများအား ထပ်မံဖြည့်စွက်နိုင်ရန်နှင့် မဲစာရင်းတွင် မပါဝင်သင့်သူများအား ပယ်ဖျက်ခြင်းတို့ကို ပြည့်စုံမှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပါဝင်သောအဖွဲ့များဖွဲ့စည်း၍ မြို့နယ်များအတွင်း မဲစာရင်းမှန်ကန်ပြည့်စုံ​စေ​ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် မဲစာရင်းများကို Door to Door ကွင်းဆင်းဆောင်ရွက်နေမှုများအား မြို့နယ်အုပ်ချုပ် ရေးမှူးဦးတိုးတိုးဝင်းမှ ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါ Door to Door မြေပြင်ကွင်းဆင်းဆောင်ရွက်မှုအား မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၈)အုပ်စု၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)