ကျွန်းလှ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးကောင်းမွန်ပြီး ကလေးငယ်များ ရောဂါဘယကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းက ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မြို့ပေါရပ်ကွက်များရှိ မွေးစမှအသက် နှစ်နှစ်အောက်ကလေးငယ်များအား မိခင်နှင့်ကလေးကျန်းမာရေးဌာန၌လည်းကောင်း၊ ကျေးရွာများရှိကလေးများအား မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို