ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲစာရင်းကျန်ရှိမှု မရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေး

နေပြည်တော်  ဒီဇင်ဘာ ၁

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ရာတွင် နိုဝင်ဘာလ ၂၉ ရက်၊ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ (၁) ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ညောင်လေးပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ပဲခူးမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ တောင်ငူမြို့နယ်နှင့် သဲကုန်းမြို့နယ်တို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတုတ္ထရာမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ မကွေးမြို့နယ်၊ အောင်လံမြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်၊ နတ်မောက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ စလင်းမြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည်။

အလားတူ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းပြည်နယ်အတွင်းရှိ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကလောမြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ လဲချားမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ မိုးနဲမြို့နယ်၊ မူဆယ်မြို့နယ်၊ မိုင်းရှူးမြို့နယ်၊ ပင်းတယမြို့နယ်၊ တန့်ယန်းမြို့နယ်၊ ဟိုပုံးမြို့နယ်၊ လားရှိုးမြို့နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တပ်ကုန်းမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင်လည်း တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီ အဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ ပူးပေါင်း၍  မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြန်/ဆက်