ကန့်ဘလူမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်

ကန့်ဘလူ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှု မဲစာရင်းပါရှိမှု ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် Door to Door (တစ်အိမ်တက်ဆင်း)ကွင်းဆင်းကောက်ယူရေးအဖွဲ့များက တိုက်ဆိုင်စစ်ဆေးကောက်ယူခြင်းကို နိုဝင်ဘာ ၃၀ ရက်က မြို့ပေါ်ရပ်ကွက် ( ၅) ခု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ရပ်ကွက်အတွင်း နေထိုင်သည့် အိမ်ထောင်စုများအလိုက် မဲစာရင်းပါမပါ တိုက်ဆိုင် စစ်ဆေးခြင်း၊ မဲစာရင်း၌အမည်မပါဝင်ပါက ထည့်သွင်းခြင်း၊ မဲစာရင်းပါအချက်အလက်ပြင်ဆင်ရန်ရှိပါက ပြင်ဆင်ခြင်းတို့ဆောင်ရွက်ပေးလျက်ရှိရာ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးတို့က လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကန့်ဘလူမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဒီဇင်ဘာ ၄ ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း