ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင်များမီးဘေးအန္တရာယ် ကင်းစေရေးတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

ရွှေဘို ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦး‌အေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင် မြတ်တိုးတို့ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီ အချိန်က ရွှေဘိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၀) ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေဘိုခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၁၀ ဆိုင်သို့သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိမူအားစစ်ဆေး၍ မီးသတ်ဆေးဘူးများ လေပေါင်ပြည့်မပြည့် ၁ လ ၁ ကြိမ်စစ်ဆေးရန် ဆီသယ်ယာဥ်များတွင် မီးသတ်ဆေးဘူးနှင့် အပ်ကြိုးထားရန်၊နေအေးချိန်နှင့် အပူရှိန်မရှိမှသာဆီချရန်၊ စက်သုံးဆီဆိုင်အတွင်း ဆီပေပါများဖြင့် သိုလှောင်ထားခြင်းမပြုရန်၊ မီးသတိပေးစာတမ်းနှင့် မီးသတ်စခန်း၏တယ်လီဖုန်းနံပါတ်များ ကပ်ထားရန်အကြံပြုခဲ့ပြီး စက်သုံးဆီဆိုင်ဝန်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး၍ မီးသတ်ဆေးဘူးသုံးစွဲမူအား သင်ကြားပြသပေးခဲ့ပါကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)