ကလေး ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ရှိကြောင်း သိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များက ကလေးမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ မဲစာရင်းတွင်ပါဝင်မှုရှိ/မရှိ၊ မဲစာရင်းမှန်ကန်မှုရှိ/မရှိ စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးပြီး လိုအပ်သည့်အချက်အလက်များကို ဒုတိယအကြိမ် မဲစာရင်းကြေညာထားသည့် အချိန်ကာလအတွင်း မဲစာရင်းပြည့်စုံမှန်ကန်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)