ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ၊ မြတ်သီရိ ကိုယ်ထူကိုယ်ထပျံကျစျေးသို့ ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး ပလပ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှုရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် စျေးတွင်စျေးရောင်း၊ စျေးဝယ်နေကြသော ပြည်သူများအနေဖြင့် အသားငါးများနှင့်ဟင်းသီးဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများအား အရောင်း၊ အဝယ်ပြုလုပ်ရာတွင် ပလတ်စတစ်အိတ်များသုံးစွဲမည့်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ ဗာဒံရွက်၊ စက္ကူများစသည့် ပစ္စည်းများဖြင့် အစားထိုးသုံးစွဲကြရန်နှင့် ပလပ်စတစ်အိတ်များကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများအား အသိပညာပေးပြောကြားခဲ့ပြီး ပလပ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှုရှိ/မရှိကို ကြည့်ရှုစစ်ဆေးကာ ပလစ်စတစ်အိတ်များကိုသုံးစွဲပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)