ဟုမ္မလင်းမြို့တွင် မဲစာရင်းများမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစနစ်ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူမှုအား လိုက်လံစစ်ဆေး

ဟုမ္မလင်း ဒီဇင်ဘာ ၁

ဟုမ္မလင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး မြေမြင်တစ်အိမ်တက်ဆင်း Door to Door ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ (၃၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဟုမ္မလင်းရပ်ကွက်၊ နောင်ပကျစ်ရပ်ကွက်၊ ခိုပဲဝရပ်ကွက်တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရာသို့ သက်ဆိုင်ရာရပ်ကွက်စာရေးများ၊ လဝကတိုက်နယ်မှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲဥက္ကဋ္ဌများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များဆောင်ရွက်လျှက်ရှိရာ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးအသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူများမကျန်ရှိစေရေးနှင့် မဲစာရင်းတွင်မပါဝင်သင့်များပါဝင်မှုမရှိစေရေး ပေါင်းစပ်ညှိနှိုင်းမှာကြာခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင်ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၆) အုပ်စု၊ မဲရုံပေါင်း (၇၁))ရုံရှိပြီး၊ ဒုတိယအကြိမ်ကပ်ထားကြေညာသည့် မဲဆန္ဒရှင်ဦးရေပေါင်း (၆၀၅၆၀) ဦးရှိကြောင်းနှင့်မဲစာရင်းများကို ဒီဇင်ဘာလ ၄ ရက်နေ့ထိ ကြေငြာထားမှာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)၊ ကန့်ကွက်လိုပါက ပုံစံ(၄)၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) တို့ဖြင့် သက်ဆိုင်ရာရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပုံစံအခမဲ့ရယူလျောက်ထားနိုင်ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)