လှိုင်းဘွဲမြို့နယ် ဂျို့ချောင်းကျေးရွာတွင် ဆောင်းသီးနှံမြေပဲ အောင်မြင်ဖြစ်ထွန်း

လှိုင်းဘွဲ ဒီဇင်ဘာလ ၃၀

ကရင်ပြည်နယ် ​လှိုင်းဘွဲမြို့နယ် ဂျို့ချောင်းကျေးရွာ တောင်သူဦးအာဘီ၏ ဆောင်းသီးနှံမြေပဲ စိုက်ခင်း ဂျပန်ကြီးမျိုး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အထွက်နှုန်း ကောင်မွန်ကြောင်း သိရသည်။

အဆိုပါ ဦးအာဘီ၏ မြေပဲစိုက်ခင်းကို တစ်ဧကလျှင် (၂)တင်းကျဲပက်ပြီး    စက်တင်ဘာလမှ စတင် စိုက်ပျိုးခဲ့ရာ အပင်များ စိုက်ပျိုးချိန်တွင် ပေါင်းပင်/မြက်ပင်များ မြေပဲပင်နှင့်အပြိုင် ပေါက်လာသဖြင့် မြေပဲအထွက်နှုန်း ကျဆင်းမည် ဖြစ်သောကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရွှေဂွန်း စိုက်ပျိုးရေး နည်းပညာပေး တာဝန်ခံ ဦးစိုးမင်းထွန့်၏ အနီးကပ် ကွင်းဆင်းကြီးကြပ်၍ နည်းစနစ်မှန် ကန်စွာဖြင့် ဆောင်ရွက်ခဲ့ရာ မြေပဲရိတ်သိမ်းချိန်တွင်  တစ်ဧကကို (၉၃)တင်းထွက်ရှိပြီး အထွက်နှုန်း ကောင်းမွန် လျက် ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်