မင်းလှ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့ကျော်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အစိတ်အပိုင်းများနှင့် ကိုင်တွယ်အသုံးပြုနည်းများအားလည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွန်အဆင့်ဆင့် အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ (၂)ဦးမှ သင်တန်းပို့ချခဲ့ကာ အဆိုပါသင်တန်းကို ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ၆၄ ဦးအား သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။
ဝင်းမြတ်(အထက်မင်းလှ)