အခြေခံပညာဆရာများ သာတူညီမျှမှုကိုအခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် မြို့နယ်အဆင့် သင်တန်း

မင်းဘူး နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာဆရာများအတွက် သာတူညီမျှမှုကိုအခြေခံသော ဆရာအတတ်ပညာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာအရည်အသွေးမြှင့်(မြို့နယ်အဆင့်) သင်တန်းကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းတွင် အခြေခံပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး အရည်အသွေးပြည့်ဝသော အခြေခံပညာသင်ယူမှုအခွင့်အလမ်းများကို  သာတူညီမျှရရှိရေးနှင့် ဆရာများ၏ အရည်အသွေးမြင့်မားရေးတို့သည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေသည့်အတွက် သင်ကြားသင်ယူမှုနှင့်စပ်လျဉ်းသည့် ဆရာအတတ်ပညာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်မှုကိုရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က ပြောသည်။

အဆိုပါ နည်းပြသင်တန်းကို နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ၂ ရက်၊ သင်ကြားပို့ချလျက်ရှိကာ မင်းဘူး(စကု)မြို့နယ် အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူကျောင်းအုပ် ဆရာ ၄၁ ဦး၊ ဆရာမ ၈၈ ဦး၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၂၉ ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)