လှိုင်းဘွဲ ဒီဇင်ဘာလ ၃၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အထက်ရေပူကျေးရွာ အုပ်စု ကျောင်းရေကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။
ကျောင်းရေပူကျောင်းဆရာတော်မှ သြဝါဒစကားမိန့်ကြားပြီး အထက်ရေပူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိမ့်စမ်းနှင့် ကျောင်းရေပူကျေးရွာရာအိမ်မှူး ဦးဖြူတို့မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းရေပူကျောင်းဆရာတော်၊ အထက်ရေပူအုပ်စုအုပ်ချုပ်ရေးမှူးဦးစိမ့်စမ်း၊ ကျောင်းရေပူကျေးရွာ ရာအိမ်မှူးဦးဖြူတို့ နှင့် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက် အင်ဂျင်နီယာအကြံပေး ဒေါ်ခင်မေကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လစ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါကွန်ကရစ်လမ်းသည် (အရှည် ၂၁၃၆ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) ဖြစ်ပြီး လူထု ဗဟိုပြု စီမံကိန်းမှထောက်ပံ့ငွေ (၁၉၄၉၈၁၅၀)ကျပ်၊ လူထုထည့်ဝင်ငွေ (၇၆၂၆၈၀၀)ကျပ်တို့ဖြင့် ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့တွင်စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ခြင်းကြောင့် ကျောင်းရေပူကျေးရွာမှ အိမ်ထောင်စု ၁၄၉စု၊ လူဦးရေ ၈၀၇ ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေး အဆင်ပြေလာပြီဖြစ်ကြောင်းသိရသည်။
ခင်စန်းမြင့်