ပခုက္ကူမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ပခုက္ကူ နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်နှင့်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ခင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများစုပေါင်း၍ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်ရေး၊ မပါဝင်သင့်သူများ မပါဝင်ရေး၊ ကြေညာထားသည့်မဲဆန္ဒရှင် စာရင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းများအလိုက် ပါဝင်ခြင်း ရှိ/မရှိတို့ကို ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။

ကယ်ရီမောင်