ချောက် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလအကြို စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်သက်မှတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘင်ခရာအဖွဲ့နှင့် အားကစားစိတ်ဝင်စားသည့် ပြည်သူများ စုစုပေါင်း ၅၄၀ ဦးက စုရပ်မှ စတင်လမ်းလျှောက်ခဲ့ကြရာ အမှတ်(၁၀)ရပ်ကွက် အေးစေတီကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အေးစေတီကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)၊ (၂)ဖြင့် ကိုယ်လက်လှုပ်ရှား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)