အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း​ကွင်းဆင်း၍ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်

မြန်အောင် နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် ​မြေပြင်တစ်အိမ်တက်ဆင်း​ကွင်းဆင်း၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် သတ်မှတ်စာရင်းပုံစံများဖြင့် စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ​မြေပြင်ကွင်းဆင်းစာရင်း​ကောက်ယူရာသို့ မြန်အောင်ခရိုင် (Working Group)မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီကြီးကြပ်မှုဖြင့် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဆောင်မှုဖြင့်  အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်၊ တွဲဖက်အတွင်းရေးမှူး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစနေထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများတွင် မြေပြင်တစ်အိမ်တက်ဆင်း​ ကွင်းဆင်း၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)