အိမ်မဲ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကွင်းကလေးကျေးရွာအုပ်စု တောင်သူဦးတင်ဝင်း၏ နေကြာစံပြကွက်စိုက်ပျိုးမည့် လယ်မြေ၌ ဆောင်းဆီထွက်သီးနှံ (နေကြာ)မျို့စေ့များအား စိုက်ပျိုးခြင်းအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆောင်းဆီထွက်သီးနှံ(နေကြာ) (၃) ဧကအား မြို့နယ်အတွင်း စားသုံးဆီဖူလုံစေရန်စိုက်ပျိုးခြင်းဖြစ်ပြီး အဆိုပါစိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်း စားသုံးဆီဖူလုံစေရန်ရည်ရွယ်ပြီး ကျေးရွာများတွင် ဆောင်းဆီထွက်သီးနှံနေကြာ (၂၃၁၀) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)