ကျောက်တံခါး နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ မြို့ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မွှန်းကိုက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၉၅)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေခြင်း၊ ဗလာစာအုပ်၊ ဘောပင်များ ပေးအပ်လှူးဒါန်းခြင်း၊ ကျောင်းသား/သူများမှသိလိုသည်များကို အပြန်အလှန်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)