သံတောင်ကြီး မတ် ၂၀
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ သားသတ်လိုင်စင်များ စစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ယခုကဲ့သို့ သားသတ်လိုင်စင်များအား ကွင်းဆင်းဆောင်ရွက်ရခြင်းမှာ အများပြည်များ သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အသားများစားသုံးနိုင်ရန်အတွက် ရည်ရွယ်ပြီး ကွင်းဆင်းဆောင်ရွက်ဖြင်းဖြစ်ကြောင်း သံတောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာချမ်းမြေ့ကျော် က ပြောကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမန်းမေတ္တာ ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာချမ်းမြေ့ကျော်နှင့်ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာချမ်းမြေ့ကျော်က သားသတ်လုပ်ကိုင်သူများအား ဆောင်ရန် ၊ ရှောင်ရန် နည်းလမ်းများအား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
နော်လော်မူ(ပြန်/ဆက်)