မင်းလှမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေး

မင်းလှ နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကိုနိုဝင်ဘာ ၂၆ ရက်နံနက် ၁၀ နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များရှေ့တွင် ယာယီနေရပ်စွန့်ခွာနေရသူပြည်သူများက လွတ်လပ်စွာ ကြိုတင်ဆန္ဒမဲပေးခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပေါက်စ (မင်းလှ)