ရေတာရှည် နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီပြုံးက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းတွင် ပို့ချသင်ကြားပေးသည့် ပန်းရံအတတ်ပညာဆိုင်ရာသင်ခန်းစာများကို ဂရုတစိုက်လေ့လာသင်ယူကြသော သင်တန်းသားများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပန်းရံသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသားများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)