မင်းဘူးမြို့၌ အိမ်သုံး၊ လုပ်ငန်းခွင်သုံးမီတာများ ကွင်းဆင်းစစ်ဆေး

မင်းဘူး နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပြီး ပြည်သူများ ဓာတ်အားပိုမိုသုံးစွဲနိုင်ရေးအတွက် အိမ်သုံး၊ လုပ်ငန်းခွင်သုံးမီတာများစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းအစုအဖွဲ့များက မင်းဘူးမြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံနှင့်လုပ်ငန်းခွင်များ၌ သုံးစွဲနေသော လျှပ်စစ်မီတာယူနစ်ပျောက်ဆုံးမှု လျော့နည်းစေရေး၊ ဌာနဝင်ငွေတိုးတက်စေရေး၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာဖြင့် သုံးစွဲနိုင်ရေး၊ ဓာတ်အားသုံးစွဲမှု စနစ်တကျ ရှိစေရေးနှင့် စင်တီမီတာ၊ ပါဝါမီတာ၊ အိမ်သုံးမီတာများအား တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းပြီး ပြည်သူများ ဓာတ်အားပိုမိုသုံးစွဲနိုင်ရေးနှင့် လျှပ်စစ်မီးလိုင်းများ စနစ်တကျ သွယ်တန်းတပ်ဆင်အသုံးပြုစေရေးတို့အတွက် လျှပ်စစ်နှင့်ဆိုင်သောပညာပေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ပြီး လူစည်ကားရာနေရာများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)