တောင်ငူမြို့နယ်၌ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

တောင်ငူ  နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများတွင် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၅ ရက်နေ့က အုပ်စု (၁၀)စုခွဲ၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

 ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအုပ်စုများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက အမှတ် (၁) တပ်မတော်ထောက်ပံ့နှင့် ပို့ဆောင်ရေးကျောင်း၊  အမှတ် (၈၄၈) စစ်လက်နက်ပစ္စည်းတပ်ခွဲ၊  ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၊ အမှတ် (၂) ရပ်ကွက်၊  အမှတ် (၁၁) ရပ်ကွက် ဓါတုကလျာစျေး၊ အမှတ် (၂၀) ရပ်ကွက်၊ မဟင်ကျေးရွာ ဘုံဆွမ်းလောင်းဓမ္မာရုံ၊ ဆင်ဆိပ်ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ပဒဲကျေးရွာနှင့် ကံရိုးကျေးရွာအုပ်စုတို့၌   ပြည်သူ (၂၀၀၀)ဦးခန့်အား မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုနည်းကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)